News & Updates 15 July 2020

Seeking Justice: An Analysis of Obstacles and Opportunities for Civil Society Groups Pursuing Accountability for Human Rights Violations in Domestic Courts in Kachin and Northern Shan States

Kachin Women’s Association – Thailand (KWAT) and Asia Justice and Rights (AJAR) are releasing a new report on access to justice in Burma, in which we identify strategies for local civil society groups, demand political and legal reforms, and call on donor agencies to better support assistance to victims of the most serious human rights violations.

The report, called “Seeking Justice, An Analysis of Obstacles and Opportunities for Civil Society Groups Pursuing Accountability for Human Rights Violations in Domestic Courts in Kachin and Northern Shan States”, focuses on cases of human rights violations against 51 civilians committed by Burma security forces, in particular the military, between 2011 and 2019 in Kachin and Northern Shan States.

At the International Court of Justice on December 11, 2019, Daw Aung San Suu Kyi claimed that the Burma military justice system is willing and able to prosecute possible war crimes committed by its soldiers. Decades of human rights violations and impunity show the hypocrisy of this statement. The failure of domestic mechanisms to provide justice to victims has opened the way for the International Criminal Court (ICC) and the International Court of Justice (ICJ) to address some of the human rights violations committed by the Burma military.

In addition to those efforts at the international level, it is crucial to maintain pressure on the Burma government and military to fulfill their duty, as components of the State, to protect the rights of all people in Burma. This duty includes the obligation to investigate, prosecute, and punish human rights violations. Our research focused on the role that local civil society groups and community-based organizations can play in improving chances for justice. It gave us a detailed understanding of the formidable challenges and obstacles met by civil society groups trying to bring perpetrators to justice. It also provided a small window into possible opportunities for justice based on a handful of relatively “successful” cases.

These findings allowed us to identify strategies for local civil society groups, community-based organizations, and local leaders to better support victims seeking justice, including reinforcing their capacity, taking some specific actions, and developing legal strategies.

Based on our findings, we also call on both the government and the military to end human rights violations committed by State actors and undertake necessary political and legal reforms to ensure accountability and the rule of law (including putting the military and police under civilian control, and ensuring the independence of the judiciary). We also call on the international community to stop support to the Burma government and military until they undertake those necessary political and legal reforms. Finally, we call on international donor agencies to ensure that the financial support provided for access to justice in Burma specifically reaches community-based organizations and local civil society groups who are doing politically sensitive work by providing assistance to victims of the most serious human rights violations.

Download the report in English here :  [download id=”7653″] or click here to go to Kachin Women’s website.

[divide]

ကချင်အမျိုးသမီးများ အစည်းအရုံး-ထိုင်းနိုင်ငံ (KWAT)နှင့် အာရှတရားမျှတမှုနှင့် လူ့အခွင့်အရေးအဖွဲ့ (AJAR) တို့သည် မြန်မာနိုင်ငံ၌ တရားမျှတမှု လက်လှမ်းမှီရေးနှင့်ပတ်သက်၍ အစီရင်ခံစာ  တစ်စောင်  ထုတ်ပြန်လိုက်ပါသည်။ အစီရင်ခံစာတွင် ဒေသခံ လူထုအခြေပြု အရပ်ဘက် အဖွဲ့အစည်းများအတွက်  မဟာဗျူဟာများကို ဖော်ထုတ်ထားပြီး၊ နိုင်ငံရေးနှင့် ဥပဒေရေးရာ  ပြုပြင်ပြောင်းလဲမှုများ  ဖော်ဆောင်ရန်  တောင်းဆိုထားပါသည်။ ထို့ပြင် လူ့အခွင့်အရေး  အဆိုးရွားဆုံး  ချိုးဖောက်ခံရသည့်  နစ်နာသူများကို  ထောက်ပံ့ကူညီမှုများ ကောင်းစွာထောက်ပံ့ပေးရန်လည်း တောင်းဆိုထားပါသည်။

“တရားမျှတမှု ရှာဖွေခြင်း- ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသန္တရတရားရုံးများ၌  ဖြစ်ပေါ်သော လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ယူ/တာဝန်ခံမှု ရှိစေရေး  ဆောင်ရွက်နေကြသည့် လူထုအခြေပြုအရပ်ဘက်အဖွဲ့အစည်းများ၏ အခက်အခဲ၊အတားအဆီးများနှင့် အခွင့် အလမ်းများ အပေါ်  သုံးသပ်ချက်” ဟူ၍ ခေါင်းစဉ်တပ်ထားသည်။ ၎င်းအစီရင်ခံစာသည်   ကချင်ပြည်နယ်နှင့်  ရှမ်းပြည်နယ်မြောက်ပိုင်းတို့၌ ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်ကြား အစိုးရ လုံခြုံရေးတပ်ဖွဲ့များ (အထူးသဖြင့် ၊ တပ်မတော်)မှ အရပ်သား (၅၁)ဦးအပေါ် ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်သော ရာဇဝတ်မှုများကို  အဓိကအလေးထား လေ့လာထားသည်။

၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ(၁၁)ရက်နေ့၌ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)တွင် ဒေါ်အောင်ဆန်းစုကြည်က  မြန်မာနိုင်ငံရှိ စစ်ဘက်တရားရေးစနစ်သည်  စစ်ရာဇဝတ်မှုများ ကျူးလွန်နိုင်ခြေရှိခဲ့သည့် ၎င်းတို့၏  စစ်သားများကို တရားစွဲဆိုရန်  စိတ်ဆန္ဒရှိကြောင်းနှင့် တရားစွဲဆိုနိုင်ကြောင်း အခိုင်အမာ ထွက်ဆိုခဲ့သည်။ ဆယ်စုနှစ်ပေါင်းများစွာကြာ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ယင်းသို့ ချိုးဖောက်မှုအတွက်  ပြစ်ဒဏ် ကင်းလွတ်နေမှုများသည် အဆိုပါထွက်ဆိုချက်က ဟန်ဆောင် ထွက်ဆိုချက်မျှသာဖြစ်ကြောင်း ပြသနေသည်။  နစ်နာသူများကို တရားမျှတမှု ဖော်ဆောင်ပေးရန် ပြည်တွင်းယန္တယားများ၏ အလုပ်မဖြစ်မှုက အစိုးရစစ်တပ် ကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှု တစ်ချို့ကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)နှင့် အပြည်ပြည်ဆိုင်ရာ  တရားရုံး(ICJ)များမှ ကိုင်တွယ်၊ဖြေရှင်းရန် လမ်းစကို ပွင့်စေခဲ့သည်။

ယခုလို နိုင်ငံတကာအဆင့်၌ ကြိုးပမ်းဆောင်ရွက်နေမှု များအပြင်၊ နိုင်ငံတော်၏ အစိတ်အပိုင်းများ အနေဖြင့်   မြန်မာနိုင်ငံရှိ ပြည်သူအားလုံး၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်ဟူသော ၎င်းတို့၏ တာဝန်ကို ပြည့်မှီစေရန် မြန်မာအစိုးရနှင့် အစိုးရစစ်တပ်အပေါ်  ဆက်လက်ဖိ အားပေးသွားရေးသည်  အလွန် အရေးကြီးပါသည်။ ယင်းတာဝန်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများအား စုံးစမ်းစစ်ဆေးခြင်း၊ သက်ဆိုင်သူများကို တရားစွဲဆို၊ပြစ်ဒဏ်ပေးခြင်း စသည့် တာဝန်ဝတ္တရားများ ပါဝင်သည်။  ကျွနုပ်တို့၏ သုတေသနသည် တရားမျှတမှုအတွက် အခွင့်အရေး  အလားအလာများ တိုးတက် ကောင်းမွန်လာအောင် ဒေသခံလူထုအခြေပြုအရပ်ဘက်အဖွဲ့အစည်းများနှင့် ရပ်ရွာအခြေပြု အဖွဲ့အစည်းများမှ ပါဝင်လှုပ်ရှားနိုင်သော အခန်းကဏ္ဍအကြောင်းကို အဓိကအလေးပေး လေ့လာခဲ့သည်။

တရားမျှတမှုရှာဖွေနေသော နစ်နာသူများအား ဒေသခံလူထု အခြေပြု အရပ်ဘက်အ ဖွဲ့အစည်းများ၊  ရပ်ရွာအခြေပြုအဖွဲ့အစည်းများနှင့် ဒေသခံရပ်မိရပ်ဖခေါင်းဆောင်များကပိုကောင်းစွာ ထောက်ပံ့ကူညီပေးနိုင် ရေး မဟာဗျူဟာများကို ဤသုတေသန  လေ့လာတွေ့ရှိချက်များအားဖြင့် ဖော်ထုတ်ရေးဆွဲထားသည်။ ကူညီထောက်ပံ့ပေးနိုင်ရေးဟုဆိုရာ၌ နစ်နာသူများ၏ စွမ်းဆောင်ရည်တွေကို အားဖြည့်ပေးခြင်း၊  တိကျသေချာသော လက်တွေ့(အရေးယူ)ဆောင်ရွက်ချက် တစ်ချို့လုပ်ဆောင်ပေးခြင်းနှင့် ဥပဒေရေးရာ  နည်းဗျူဟာများ ရေးဆွဲပေးခြင်းတို့ ပါဝင်သည်။

ကျွန်ုပ်တို့၏ တွေ့ရှိချက်များအပေါ် အခြေခံကာ အစိုးရနှင့် အစိုးရစစ်တပ်  နှစ်ဖက်စလုံးကိုလည်း နိုင်ငံ့ ဝန်ထမ်းများမှ ကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှုများအား အဆုံးသတ်ပေးရန် တောင်းဆိုသည်။  ထို့ပြင် တာဝန်ယူ၊တာဝန်ခံမှု အမှန်တကယ်ရှိစေရန်နှင့် တရားဥပဒေစိုးမိုးရေး ရှိစေရန် ( စစ်တပ်နှင့် ရဲတပ်ဖွဲ့ကို  အရပ်ဘက်ထိန်းချုပ်မှုအောက် ထားရှိခြင်းနှင့် တရားစီရင်ရေးမဏ္ဍိုင် အမှီအခိုကင်း၊  လွတ်လပ်စေရန်  အာမခံခြင်း တို့အပါအဝင်) လိုအပ်သော နိုင်ငံရေးနှင့် ဥပဒေရေးရာ  ပြုပြင်ပြောင်းလဲမှုများ ကို တာဝန်ယူလုပ်ဆောင်သွားရန် တောင်းဆိုပါသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း ဤမြန်မာအစိုးရနှင့် အစိုးရစစ်တပ်က ဖော်ပြပါ နိုင်ငံရေးနှင့် ဥပဒေရေးရာပြုပြင်ပြောင်းလဲမှုများ မလုပ်ဆောင်သေးသရွေ့  ထောက်ပံ့ကူညီနေမှုများအား ရပ်တန့်ပစ်ရန် တောင်းဆို ပါသည်။ နောက်ဆုံးအနေဖြင့်၊ နိုင်ငံတကာ  အလှူရှင်အဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံ၌ တရားမျှတမှု လက်လှမ်းမီရေးအတွက် ထောက်ပံ့ပေးသော ငွေကြေးအထောက်အပံ့များသည် လူ့အခွင့်အရေး အဆိုးရွားဆုံးခံရသည် နစ်နာသူများအားထောက်ပံ့ကူညီမှုများ ပေးခြင်းဖြင့် နိုင်ငံရေးအရ ထိရှလွယ်သော အလုပ်ကို လုပ်ကိုင်နေသည့် ရပ်ရွာ အခြေပြုအဖွဲ့အစည်းများနှင့် ဒေသခံလူထုအခြေပြုအရပ်ဘက်အဖွဲ့အစည်းများထံ သေသေချာချာရောက်ရှိအောင်  ဆောင်ရွက်ကြရန် တိုက်တွန်းလိုက်ပါသည်။

အစီရင်ခံစာကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့်ဤ https://asia-ajar.org/2020/07/seeking-justice-report/ တွင် ဝင်ရောက်ရယူနိုင်ပါသည်။

Download the report in Burmese here : [download id=”7662″] or click here to go to Kachin Women’s website.