Press release

Myanmar: AJAR’s Response to UN Special Rapporteur on the Situation of Human Rights in Myanmar’s Report

“အပြောတွေရပ်ပြီး လက်တွေ့လုပ်ဆောင်စို့ ”

-မစ်(စ်) ယန်ဟီးလီ၊ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်။

၂၀၁၉ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် လူ့အခွင့်အရေးကောင်စီ၏ အကြိမ် (၄၀) မြောက် အစည်းအဝေးမှာ မစ်(စ်) ယန်ဟီးလီသည်  မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေအနေများအပေါ် သူမ၏ အစီရင်ခံ စာကို တင်ပြပြောကြားခဲ့ပါသည်။ သူမသည် မြန်မာနိုင်ငံတွင်ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များအပေါ် တရားမျှတမှုဖြစ်ပေါ်လာရေးအတွက် ပိုမိုကျယ်ပြန့်သော အမြင်ဖြင့်နိုင်ငံတကာ အသိုင်းအ၀ိုင်းက စဉ်းစားသင့် ပြီး ယခုချက်ခြင်းအရေးယူဆောင်ရွက်ဖို့ တိုက်တွန်းခဲ့သည်။

Press Briefing by Ms. Yanghee Lee, Special Rapporteur on the situation of human rights in Myanmar on 24 October 2018. (UN Photo/Evan Schneider)

AJAR သည် အထူးကိုယ်စားလှယ်၏ ပြောကြားချက်ဖြစ်သော တရားမျှတခြင်းသည် ပြစ်မှုကျူးလွန်သူ များကို တရားစီရင်ခြင်းနှင့် ပြစ်ဒဏ်ပေးခြင်း နည်းလမ်းတခုတည်းဖြင့်သာဖော်ဆောင်ရမည် မဟုတ်ကြောင်းကို ခိုင်မာစွာ ထောက်ခံပါသည်။ အမှန်စင်စစ် ကျွှန်ုပ်တို့ ခေါ်ဆိုသော အသွင်ကူးပြောင်းရေးကာလတရားမျှတမှု ဖော်ဆောင်ရေးသည် အမှားများကို ၀န်ခံခြင်း၊ ဖြစ်ပျက်ခဲ့သည့်အရာများကို အမှန်အတိုင်း အများသိအောင် မျှဝေပေးခြင်း၊ ထိခိုက်နစ်နာသူများကို တောင်းပန်ခြင်း၊ အလျော်ပေးခြင်း၊ ပြန်လည်ထူထောင်ရေးအတွက် ပံ့ပိုးပေးခြင်းများကို တန်းတူညီမျှစွာ စဉ်းစားပေးခြင်းနှင့် နောက်ထပ်ချိုးဖောက်မှုများ မဖြစ်ပွားအောင် လိုအပ်သောပြုပြင်ပြောင်းလဲမှုများ အတွက် အာမခံပေးခြင်း စသည်ဖြင့် ဘက်စုံပါဝင်သော အခြေခံမူဘောင်များကိုဆိုလိုပါသည်။ ဤ အခြေခံ မူဘောင်သည် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေအရ အစုအပြုံလိုက် လူ့အခွင့်အရေးချိုးဖောက်ခံရ သူများ၏ အခွင့်အရေးများကို ထင်ဟပ်စေမည်ဖြစ်ပါသည် (အမှန်တရား၊ တရားမျှတမှု၊ ပြန်လည်ကုစားမှု နှင့် ထပ်တလဲလဲ ချိုးဖောက်မခံရခြင်း အခွင့်အရေးများ)။

အသွင်ကူးပြောင်းရေးကာလ တရားမျှတရေးဖော်ဆောင်ဖို့ချဉ်းကပ်ခြင်း ပျက်ကွက်မှုသည် ယခုလက်ရှိ မြန်မာနိုင်ငံ အခြေအနေတွင်ဖြစ်ပေါ်နေသော အခွင့်အရေးချိုးဖောက်ခံရသူများ၏ ထိခိုက်နစ်နာမှုများနှင့် အခွင့်အရေးများကို အသိအမှတ်မပြုခြင်းနှင့်အတူ အပြစ်ကျူးလွန်သူများ အရေးယူမခံရခြင်းနှင့် အပြစ်ငြင်းပယ်သော ယဉ်ကျေးမှုကို ဖြစ်ပေါ်စေပါသည်။ အထူးကိုယ်စားလှယ် ထပ်လောင်းအတည်ပြုခဲ့သကဲ့သို့ အခွင့်အရေးချိုးဖောက်ခံရသူများ၏ အခွင့်အရေးများသည် ချဉ်းကပ်မှု အားလုံး၏အဓိက အချက်များအဖြစ်ဆက်လက် တည်ရှိနေရမည်ဖြစ်သည်။ မြန်မာအစိုးရနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းများ နှစ်ဖက်လုံးတွင် ပြစ်မှုကျူးလွန်ခံရသူများအတွက် သင့်တော်သော ကုစားမှုများပံ့ပိုးပေးရန်နှင့် သူတို့၏အခွင့်အရေးများကို ကာကွယ်ပေးရန်တာဝန်အပြည့်ရှိပါသည်။ ထပ်လောင်းပြီး အကူအညီများနှင့်ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းများအနေဖြင့် အခွင့်အရေးချိုးဖောက်ခံရသူများအား ကြားဖြတ်အကူအညီများကို အထူးကိုယ်စားလှယ် အကြံပြုချက်များအတိုင်း အရေးတကြီး ချက်ခြင်းထောက်ပံ့ပေးရပါမည်။

မြန်မာအရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် အခွင့်အရေးချိုးဖောက်မှုများ မှတ်တမ်းတင်ခြင်း၊ အထိမ်းအမှတ်ပွဲများကျင်းပခြင်း၊ စိတ်ဒဏ်ရာ ကုစားပေးခြင်း နှင့် အခွင့်အရေး ချိုးဖောက်ခံရသူများကို အရေးပေါ်ထောက်ပံ့ရေးအကူအညီများပေးခြင်းအပါအ၀င် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု နှင့် သက်ဆိုင်သော သိသာမြင်သာသော ကဏ္ဍများအချို့ ကို ဖော်ဆောင်နှင့်ပြီးဖြစ်ပါသည်။ နိုင်ငံတကာ အလှူရှင်အဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံ၏ ရှေ့ဆက်လုပ်ဆောင်မည့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဖော်ဆောင်ရေး အစီအစဉ် ရှေ့ဆက်သွားနိုင်ဖို့ အရေးကြီးကြောင်းအသိအမှတ်ပြုသင့်ပြီး၊ ဒီလိုအသိအမှတ်ပြုခြင်းကို ထိုကဏ္ဍများတွင်လုပ်ဆောင်နေသော ဒေသခံအဖွဲ့အစည်းများအား ပိုမိုထောက်ပံ့ပေးခြင်းများဖြင့် ပြသသင့်ပါသည်။

မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေများကို အထူးကိုယ်စာလှယ်၏ အစီရင်ခံစာကို အောက်ပါ လိပ်စာတွင်ကြည့်နိုင်သည်။

https://www.ohchr.org/en/hrbodies/sp/countriesmandates/mm/pages/srmyanmar.aspx

သူမ၏ နုတ်အားဖြင့် တင်ပြချက်များကို အောက်ပါလိပ်စာတွင်ကြည့်နိုင်သည်။

https://www.ohchr.org/EN/NewsEvents/Pages/DisplayNews.aspx?NewsID=24299&LangID=E